ရောင်းကုန်ပစ္စည်းဒီဇိုင်းထုတ်ခြင်း ။ ။ ပစ္စည်းတစ်ခု၏ အမှတ်တံဆိပ် (Branding)ကိုစားသုံးသူများကြားတွင် မှတ်မိသိရှိအောင် နေရာတိုင်းတွင် ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် ရောင်းကုန်ပစ္စည်းများထည့်သွင်းရန် (ဥပမာ) စက္ကူဘူးခွံ၊ ပုလင်း၊ အိတ် နှင့် ပလပ်စတစ်ဘူးခွံများမှာကုန်ပစ္စည်းထည့်သွင်းရန်နှင့် လုံခြုံစေရန်အတွက်သာထုပ်ပိုးထားသောပစ္စည်းများမဟုတ်တော့ပဲမိမိကုန်ပစ္စည်း၏ အရည်အသွေး၊ ပုံရိပ်ကိုတည်ဆောက်ပေးသောအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာပြီ ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ကျွန်တော်တို့ကပစ္စည်းထုပ်ပိုးမှု ဒီဇိုင်းထုတ်ပေးခြင်း (Packing Design ) ဖြင့် လူကြီးမင်းတို့၏ ကုန်ပစ္စည်းအမှတ်တံဆိပ် အားပိုမိုရောင်းပန်းလှစေရန် (Brand Personality) အဓိကထားပြီးပုံစံထုတ်လုပ်ပေးခြင်း၊ ဒီဇိုင်းပုံများကိုပိုမိုတိုးတက်ခေတ်မှီအောင် ပြုလုပ်ပေးခြင်း ၊ ကုန်ပစ္စည်းနှင့် လိုက်ဖက်မှုအရှိဆုံးဖြစ်အောင် ပုံစံထုတ်လုပ်ပေးခြင်း ၊ (Value Added) ဈေးကွက်တွင် ပိုမိုတန်ဖိုးတက်လာစေရန် ကူညီပေးခြင်းအစရှိသော ၀န်ဆောင်မှုများကို စိတ်ပါဝင်စားစွာဖြင့် (မြန်မာစီးပွားရေးလုပ်ငန်းရှင်များ) အား စတင်ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
ထို့ပြင် ဈေးကွက်တိုးချဲ့ရန် တိုင်ပင်နိုင်သော ၀န်ဆောင်မှု (Marketing Consatant) နှင့် Online Marketing အွန်လိုင်းမှ ဈေးကွက်ရှာဖွေခြင်း ၊ Social Net Work များဥပမာ Facebook Marketing ၊ Internet Marketing စသည်တို့ကိုလည်းတိကျပြတ်သားသောရင်းနှီး မြှုပ်နှံမှုနှင့် လက်တွေ့ကျကျ အကျိုးရှိစေရန် ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။