Packaging Design / Packaging Design Service

Packaging Design

ရောင်းကုန်ပစ္စည်းဒီဇိုင်းထုတ်ခြင်း။ ။ ပစ္စည်းတစ်ခု၏အမှတ်တံဆိပ် (Branding )ကိုစားသုံးသူများကြားတွင်မှတ်မိသိရှိအောင် နေရာတိုင်းတွင် ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် ရောင်းကုန်ပစ္စည်းများထည့်သွင်းရန် (ဥပမာ) စက္ကူဘူးခွံ၊ ပုလင်း၊ အိတ်နှင့် ပလပ်စတစ်ဘူးခွံများမှာကုန်ပစ္စည်းထည့်သွင်းရန်နှင့် လုံခြုံစေရန်အတွက်သာထုပ်ပိုးထားသောပစ္စည်းများမဟုတ်တော့ပဲမိမိကုန်ပစ္စည်း၏ အရည်အသွေး ၊ ပုံရိပ်ကိုတည်ဆောက်ပေးသောအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာပြီးဖြစ်ပါသည်။ ထို့အတွက်ကြောင့် ကျွန်တော်တို့ကပစ္စည်းထုပ်ပိုးမှု ဒီဇိုင်းထုတ်ပေးခြင်း (Packing Design ) ဖြင့် လူကြီးမင်းတို့၏ ကုန်ပစ္စည်းအမှတ်တံဆိပ်အားပိုမိုရောင်းပန်းလှစေရန် (Brand Personality ) အဓိကထားပြီးပုံစံထုတ်လုပ်ပေးခြင်း၊ ဒီဇိုင်းပုံများကိုပိုမိုတိုးတက်ခေတ်မှီအောင် ပြုလုပ်ပေးခြင်း၊ ကုန်ပစ္စည်းနှင့် လိုက်ဖက်မှုအရှိဆုံးဖြစ်အောင် ပုံစံထုတ်လုပ်ပေးခြင်း၊ (Value Added) ဈေးကွက်တွင် ပိုမိုတန်ဖိုးတက်လာစေရန် ကူညီပေးခြင်းအစရှိသော ၀န်ဆောင်မှုများကို စိတ်ပါဝင်စားစွာဖြင့် (မြန်မာစီးပွားလုပ်ငန်းရှင်များ)အား စတင်ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

အလှကုန်ထည့်သွင်းရန် ပလပ်စတစ်ဘူးခွံနှင့် စက္ကူဘူးခွံပုံစံများထုတ်ပေးခြင်း (Cosmetic Packaging Design ) ၊ အလှကုန် နှင့် ရေမွှေးထည့်သွင်းရန် ပုလင်းခွံပုံစံများထုတ်ပေးခြင်း (Cosmetic Bottle Packaging ) စားသောက်ကုန်ထည့်သွင်းရန် ဘူးခွံပုံစံများထည့်သွင်းခြင်း (Food Packaging) နှင့် အခြားသောကုန်ပစ္စည်းများထည့်သွင်းရန် လိုက်ဖက်သောဘူးခွံပုံစံများထုတ်ပေးခြင်း (Other Packaging)

Consumer Behavior Analysis
Defined Brand Identity
Marketing / Support